Samsung Galaxy Note 2 Version 4.4.2 Root လုပ်နည်းလး မေးထားတဲ့အတွက် ကျွန်တော်ကိုယ်တိုင် Android 4.4.2 KitKat Galaxy Note 2 N7100 နဲ့ စမ်းထားတဲ့ နည်းလေးကို တင်ပြလိုက်ပါသည်။ အဲဒိတုန်းက အရေးတကြီး လုပ်ပေးလိုက်တဲ့အတွက် Screen Shot မလုပ်ထားမိတဲ့အတွက် သေချာစနစ်တကျပြောပြပေးပါမယ်။ အသေးစိတ် သတိထားပြီးလုပ်ပါ။ အခန့်မသင့်လျှင် Firmware ပြုတ်ခြင်း၊ Boot သေသွားခြင်းများ ဖြစ်မည်စိုးပါသည်။ မကျွမ်းကျင်လျှင် လုံးဝ (လုံးဝ) လက်တက်မစမ်းပါနှင့် ပြုလုပ်သူ၏ တာဝန်သာဖြစ်ပါသည်။ Root လုပ်ခြင်းကို ကုမ္ပဏီကိုယ်တိုင် Warranty မပေးလောက်အောက်ကို အန္တရာယ်များပါသည်။ သေချာစဉ်းစား ဆုံးဖြတ်ပြီးပါက အောက်ပါအတိုင်း လုပ်နိုင်ပါသည်။ ကျွန်တော် သိသမျှ လုပ်ထားသမျှကို မျှဝေခြင်းဖြစ်ပါသည် ကျန်သောအပိုင်းသည့် မိမိကိုယ်တိုင်ဆုံးဖြတ်နိုင်ပါသည်။
ပထမဆုံး လုပ်ထားရမှာက ဖုန်းထဲက data များ Contact List များနဲ့ Message စသည့်အရေးကြီးသည်များကို အရင် Back up လုပ်ထားပါ။ အဆင်မသင့်လို့ boot မတတ်လျှင် Recovery Mode ၀င်ပြီး Factory Reset လုပ်နိုင်ရန်ဖြစ်ပါသည်။ ဖုန်းကိုလည်း အား 70 ကျော် သွင်းထားရန်လိုအပ်ပါသည်။
ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်ဆက်အသုံးပြုမှာ ဖြစ်တဲ့အတွက် Samsung Phone USB Driver လေး လိုအပ်ပါသည်။ မတင်ရသေးသူများကတော့ အောက်မှာဒေါင်းနိုင်ပါသည်။
SamsungPhone USB Driver
Samsung
KIES software နှင့် Antivirus software ကွန်ပျူတာမှာရှိနေရင်
Disable လုပ်ထားပါ။
ဖုန်းကို
Developer Option မှ USB Debugging On ထားပါ။ Setting ထဲမှာ Developer Option မပေါ်ပါက
Setting à
About Phone ထဲမှ Build number ကို 3 ချက်လောက် နှိပ်လိုက်ပါက Developer Option ပေါ်လာပါလိမ့်မည်။
လိုအပ်တဲ့ဖိုင်တွေ
အောက်မှာဒေါင်းပါ။
3.
SuperSUAPK
လိုအပ်သည်များဒေါင်းပြီးပါက
CF Auto
Root.zip ကို ကွန်ပျူတာမှာ ဖြည့်လိုက်ပါ။
ဖုန်းကို
ပါဝါပိတ်လိုက်ပါ။ ပြီး Android Download Mode
ဝင်ရန် ဖုန်းကို Volume - ရယ် Home ကို တွဲနှိပ်ထားပြီး Power ဖွင့်လိုက်ပါ။
ဆိုလိုတာက သုံးခု တပြိုင်တည်းနှိပ်ခိုင်းခြင်းပါ။ Android Download Mode Screen ပေါ်လာပါက
Volume + နှိပ်ပြီး ကွန်ပျူတာဖြင့်ချိတ်ဆက်လိုက်ပါ။
ပြီး ODIN
3.09 ကိုဖွင့်ပြီး ဖုန်းကို ချိတ်ဆက်မိကြောင်းပြပါလိမ့်မည်။ ODIN 3.09 ကို လိုအပ်တာတွေ
ထည့်သွင်းပါမည်။
1.
AP
button ကိုနှိပ်ပြီး ကွန်ပျူတာတွင်း CF Auto Root.zip မှ ဖြည့်ထားသောဖိုင်အတွင်း CF-Auto-Root-t03g-t03gxx-gtn7100.tar.md5
ဖိုင်ကိုရွေးပေးလိုက်ပါ။
2.
Re-Partition
ကို အမှန်ဖြစ်ဖြုတ်ပေးပါ။
Auto-Reboot နှင့် F.Reset Time က Select ဖြစ်နေရပါမည်။
Auto-Reboot နှင့် F.Reset Time က Select ဖြစ်နေရပါမည်။
ကျန်မည့်သည့်
Setting မှ မပြောင်းလဲပါနှင့် မှန်မှန်ကန်ကန် ရွေးချယ်ပြီးပါက Start ကို နှိပ်ပြီး
စတင် Root လုပ်နိုင်ပါသည်။
ODIN
မှ PASS ပြပြီး ဖုန်း Reboot မလုပ်မခြင်း USB ကြိုးအားလုံးဝ မထိပါနှင့် မည့်သည့် ခလုတ်များကိုမှ
ကွန်ပျူတာကို မနှိပ်မိပါစေနှင့်။ Root ပြီးပါက Reboot လုပ်၍ SAMSUNG screen တတ်လာမှ
ဖုန်းကို ဖြုတ်နိုင်ပါသည်။
ပုံမှန်အတိုင်းဆို
ဒီအဆင့်ဟာ ပြီးပါပြီ။ ဖုန်းမှာ Super User Icon လေးလည်းပေါ်ပြီး Root ရပါပြီ။
တစ်ခါတစ်ရန်
‘SuperSU has stopped’ ဆိုပြီ error တတ်နေပါက ဒေါင်းထားသည့် SuperSU APK ကို တင်ပေးရန်လိုအပ်ပါသည်။
အကယ်၍
Samsung logo မှ ရှေ့ဆက်မတတ်ပါက battery ဖြုတ်ပါ။ ပြီးလျှင် Power + နှင့် Home တွဲနှိပ်ပြီး
Power ကို 7 စက္ကန့်လောက် ဖိပြီး ဖွင့်လိုက်ပါ။ Recovery Mode ရောက်လျှင် ‘wipe
data/ factory reset’ ကိုရွေးပြီး Yes လုပ်ပေးပါ။ ပြီး Reboot System Now နှိပ်လိုက်ပါ။
ပန်တတ်လာပါလိမ့်မည်။
အားလုံးပဲ
အဆင်ပြေပါစေခင်ဗျာ။
No comments:
Post a Comment