flowers

Blogger Tricks

Friday, February 13, 2015

Template အား Backup လုပ်ထားခြင်း

  • ကျနော်တို့ blogger မှာ Template ကို ပြုပြင် ပြင်ဆင်တော့မယ်မယ်ဆိုရင် အဓိက လုပ်ဆောင်ထားသင့်သော အကြောင်းအရာလေးဖြစ်ပါတယ်။ ဒီလို backup လုပ်ထားခြင်းက မိမိ Template ကို ပြုပြင်တဲ့အခါမှာ အမှား တစ်ခုခု ဖြစ်သွားခဲ့ရင် ယခင်အတိုင်းမပျက်စီးပဲ ပြန်ရအောင် လုပ်ဆောင်ထားခြင်းဖြစ်ပါတယ်။

  • ကျနော်တို့ သုံးနေတဲ့ ဘလော့လေးမှာ တစ်ခုခု ထပ်မံ ပြုပြင်တော့မယ်ဆိုရင်တော့ အရင်ဆုံး မပြုပြင်မှ Backup ပြုလုပ်ထားခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ်။
ဒီ Post လေးကတော့ Blogger ကို စတင်လေ့လာသူများ အတွက် ရည်ရွယ်ပြီး တင်ပေးလိုက်တာဖြစ်ပါတယ် ခင်ဗျာ။

Backup လုပ်ရန်အတွက် အရင်ဆုံး  Dashboard>>Template ကိုသွားလိုက်ပါ။ ပြီးရင်တော့ ညာဘက်အပေါ်နားမှာ ရှိတဲ့ Backu/Restore ကို ကလစ်လိုက်ပါ။
ပြီးရင်တော့ Download full template ကို ကလစ်ပြီ Backup ပြုလုပ်ထားပေးပါ။

ဒါကတော့ ကျနော်တို့ Template ကို backup လုပ်ထားလိုက်တာဖြစ်ပါတယ်။ ကကယ်လို့များ မှာယွင်းတစ်ခုခုဖြစ်ခဲ့လို့ နဂိုအတိုင်း ပြန်ထားချင်တယ်ဆိုရင်တော့ ကျနော်တို့ Backup လုပ်ထားတဲ့ TemplateId.xml ဖိုင်လေးကို Upload a template from a file on your hard drive ဆိုတဲ့ စာတန်းအောက်က Browser ကို ကလစ်ပြီး upload ပြန်တင်လိုက်ရင် နဂို အတိုင်း ပုံစံမပျက် ပြန်လည်ရ ရှိမှာ ဖြစ်ပါတယ်ခင်ဗျာ။


No comments:

Post a Comment