တကယ်တော့ torrent file တွေထဲမှာ ကျွန်တော်တို့ လိုချင်တဲ့ Applicatoin တွေ၊ Software တွေ၊ Games တွေ ဟာ အလွယ်တကူ ရနိုင်ပါတယ်။ torrent ဆိုတာ အင်မတန်ကို သေးငယ်တဲ့ kilobytes သာရှိတဲ့ .torrent နဲ့ဆုံးတဲ့ ဖိုင်လေးတစ်ဖိုင်ပါ။ အဲဒီဖိုင်ထဲမှာ လိုချင်တဲ့အရာတွေ utorrent, bittorent တို့လို Software တွေကို သုံးပြီး ဒေါင်းယူရတာပါ။ သူက လူသုံးများတဲ့ ဒေါင်းလုပ်ချတဲ့ ဖိုင်အမျိုးအစားဆိုလည်း မမှားပါဘူးဗျာ။ ဒါပေမယ့် torrent ဖိုင်တွေ ဒေါင်းတော့မယ်ဆိုရင် connection, peers, leeches စသည့်အပေါ် မူတည်ပြီး download speed နှေးတတ်ပါတယ်။ ဒါကြောင့် တခါတလေ အလွန်အင်မတန် နှေးတာကို တွေ့ရပါတယ်။ ဒါကြောင့် IDM နဲ့ ဒေါင်းနည်းလေးကို စဉ်းစားရခြင်းဖြစ်ပါတယ်။
Internet Download Manager(IDM) ဆိုတာကလည်း သာမန် Download လုပ်တဲ့ downloader တွေထက် ၅ ဆ မြန်ဆန်တယ်။ Resume capability လိုခေါ်တဲ့ ကော်နက်ရှင်ကြောင့်သော်လည်းကောင်း၊ ကွန်ပျူတာ ပိတ်သွားလို့သော်လည်းကောင်း၊ တခြားခြားနည်းတွေနဲ့ ပြတ်တေက်သွားတဲ့ download file အချိန်မရွေး ဆက်လက် download လုပ်နိုင်စွမ်းရှိတယ်။
အဲဒီတော့ သင့်ရုံး၊ ကျောင်းတွေက ပိတ်ထားတဲ့ torrent တွေကိုလည်း IDM နဲ့ download လုပ်နိုင်မယ်။ ကော်နက်ရှင်နှေးရင်လည်း IDM ကြောင့် အိုကေနိုင်တယ်။ နောက်ပြီး youtube နဲ့ တခြား ဆိုဒ်တွေ ဗီဒီယိုဖိုင်တွေကိုလည်း ဒေါင်းလုပ် လုပ်နိုင်တယ်လေ။ ကဲ ပြောနေတာကြာပါတယ်လေ။ နည်းလမ်းလေးကို စလိုက်ကြရအောင်နော် ....
အဆင့်(၁) zbigz.com ကိုသွားပြီး sign up(register) လုပ်ပါ။ free ပါ။
အဆင့်(၂) torrent site ထဲကနေ မိမိ ဒေါင်းလိုတဲ့ torrent file ကို download လုပ်ပါ။
အဆင့်(၃) ပြီးရင်တော့ zbigz.com ကို နောက်တစ်ခေါက်သွားပါ။
အဆင့်(၄) ဒီအဆင့်မှာတော့ ခုနက download ဆွဲထားတဲ့ torrent file ကို စက်ထဲကနေ upload ပြန်တင်ပါ။
အဆင့်(၅) Go ဆိုတဲ့ ခလုတ်ကို နှိပ်ပါ။
အဆင့်(၆) အဲဒီလို နှိပ်လိုက်ပြီးရင် Window တစ်ခု ပေါ်လာပါမယ်။ အဲဒီထဲက Zip ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ပါ။
ဒါဆိုရင်တော့ မိမိ download ဆွဲလိုတဲ့ torrent file ဟာ High speed နဲ့ IDM ကို သုံးပြီး ဒေါင်းလုပ် လုပ်နေပါပြီ။ ကဲ မလွယ်ဘူးလား။ ဘာဖြစ်လို့ ကျွန်တော်တို့တွေ .torrent ဖိုင်လေးတစ်ဖိုင် ဆွဲရဖို့ကို တစ်နာရီ နှစ်နာရီ စောင့်နေဦးမလဲ။ မြန်မြန်ဆန်ဆန် IDM နဲ့ပဲ ဆွဲလိုက်ကြပါစို့။ အော် နောက်တစ်ခုက
zbigz.com
furk.net
torrenthandler.com တို့ကိုလည်း အသုံးပြုနိုင်ပါတယ်တဲ့။
(မူရင်းလင့် - How to download torrent using IDM)
အားလုံးအဆင်ပြေကြပါစေ
No comments:
Post a Comment